တယ်လီဗစ်ရှင်း34 ia.0 2 p ac0 Rrt22Bb a dorgLt Ff Co X000 T Nnt

တယ်လီဗစ်ရှင်းသည် အသံကိုကြား‌စေ၍ အရုပ်ကိုလည်း မြင်‌စေ‌သော ‌ရေဒီယို တစ်မျိုးပင်ဖြစ်၏။ တယ်လီဗစ်ရှင်းသည် ယခုအခါ စမ်းသပ်သည့်အဆင့်မှ လက်‌တွေ့အသုံးချသည့် အဆင့်သို့ ‌ရောက်လာပြီဖြစ်ရာ မကြာမီပင် ကမ္ဘာအနှံ့အပြား၌ တယ်လီဗစ်ရှင်း ‌ခေတ်စားလာမည့် အရိပ်အ‌ယောင်ကို မြင်‌နေ ရသည်။ တယ်လီဗစ်ရှင်းဖြင့် အသံနှင့် အရုပ်လွှင့်‌သောရုံများကို အင်္ဂလန်၊ အ‌မေရိကန်စ‌သော နိုင်ငံကြီးအချို့တို့တွင် ‌ဆောက် လုပ်ထားပြီဖြစ်၍ အများသုံးနိုင်‌အောင် အဖိုးနှုန်းချိုသာ‌သော တယ်လီဗစ်ရှင်းစက်‌ခေါ် ရုပ်မြင်သံကြားစက်များကို တီထွင် နိုင်ရန်အတွက်လည်း သိပ္ပံပညာရှင်များက ကြိုးစားလျက်ရှိကြ ‌လေသည်။

လွန်ခဲ့‌သောနှစ်‌ပေါင်းများစွာက ဂျာမန်လူမျိုး နစ်ပကို ဆိုသူသည် ရုပ်ပုံများကို လျှပ်စစ်ကြိုးဖြင့် လွှင့်နိုင်‌သော စက် တစ်ခုကို နမူနာပြုလုပ်ခဲ့ဘူးသည်။ လျှပ်စစ်ဓာတ်ကြိုးဖြင့် အသံ ကို သယ်‌ဆောင်နိုင်လျှင် အလင်းကိုလည်း သယ်‌ဆောင်နိုင်ရ မည်ဟု ထိုပုဂ္ဂိုလ်ကယူဆသည်။ ရုပ်ပုံတို့သည် အလင်း‌ကြောင့် ဖြစ်‌ပေါ်လာရာ ဓာတ်သည် အလင်းကိုသာ သယ်ပို့နိုင်ပါက ရုပ်ပုံများကိုလည်း သယ်‌ဆောင်နိုင်ရမည်ဟု ယူဆကာကြံစည် ခြင်းဖြစ်သည်။ အလွန်ယုတ္တိရှိ‌သော အယူအဆပင်ဖြစ်သည်။ သို့ရာတွင် ရုပ်ပုံကို သယ်ယူပို့‌ဆောင်‌သော အလုပ်မှာ လွန်စွာ ခက်ခဲနက်နဲသည်ကတ‌ကြောင်း၊ သူ၏စက်တွင် ချွတ်ယွင်းချက် များ ရှိ‌နေ‌သေးသည်ကတ‌ကြောင်းတို့‌ကြောင့် သူ၏အကြံမှာ အထမ‌မြောက်ခဲ့‌ပေ။

၁၉၂၃ ခုနှစ်တွင် စ‌ကော့လူမျိုး ဇွန်လိုဂီဗဲယာ့ ဆိုသူက တစ်ဖန် ရုပ်ပုံများကို လွှင့်နိုင်ဖမ်းနိုင်သည့် စက်ရုံကို ကြံစည် ပြန်သည်။ ထိုအချိန်တွင် ဖိုတိုအီလက်တြစ်အိမ်‌ခေါ် အလင်း ‌ကြောင့် လျှပ်စစ်ဓာတ် လှုပ်ရှားမှုကို ဖြစ်‌စေ‌သော ကရိယာနှင့် ဗက်ကျူယမ်ကျူ‌ခေါ် ‌လေဟာပြွန်များ ဖြစ်ထွန်း‌နေပြီ။ သူသည် ထိုကရိယာ နှစ်မျိုးကို အားကိုးပြု၍ နစ်ပကို၏ အယူအဆ အတိုင်း လက်‌တွေ့ပြုလုပ်ရာ ‌အောင်မြင်လာ‌လေသည်။ မကြာမီ ပင် ရပ်‌ဝေးမှပုံများကို လွှင့်နိုင်ဖမ်းနိုင်လာသည်။

၁၉၂၆ ခုနှစ် တွင် လန်ဒန်မြို့နှင့် ဝါရှင်တန်ဒီစီမြို့တို့တွင် ရပ်‌ဝေးမှလွှင့်‌သော ရုပ်ပုံတို့ကို တယ်လီဗစ်ရှင်းဖြင့် ပြနိုင်‌လေသည်။ ‌နောက်တစ်နှစ်ကြာ‌သောအခါ ဗဲယာ့ကိုယ်တိုင် ‌ရောင်စုံရုပ်ပုံများကို အတ္တလန္တိတ်သမုဒ္ဒရာဖြတ်‌ကျော်၍ တယ်လီဗစ်ရှင်းဖြင့် ပြနိုင်ခဲ့သည်။ နယူး‌ယောက်မြို့တွင်မူ ၁၉၃၀ ပြည့်နှစ်ကျမှ တယ်လီဗစ်ရှင်းဖြင့် ပြဇာတ်များကို ပထမအကြိမ် ပြသနိုင်‌လေသည်။ ၁၉၃၂ ခုနှစ် တွင် ဒါဗီမြင်းပြိုင်ပွဲကို တယ်လီဗစ်ရှင်းဖြင့် လန်ဒန်မြို့၌ပြသခဲ့သည်။

တယ်လီဗစ်ရှင်းအ‌ကြောင်းကို နာလည်နိုင်ရန် တယ်လီ ဖုန်း‌ခေါ် စကား‌ပြော‌ကြေးနန်းကို ‌ရှေးဦးစွာ စဉ်းစား ကြည့်၇‌ပေ မည်။ စကား‌ပြော‌ကြေးနန်းတွင် အသံသည်နန်းကြိုးတစ်‌လျှောက် တွင် ‌ပြေးခြင်းလည်းမဟုတ်။ ‌လေထဲမှဖြတ်‌ကျော်၍ ‌ပြေးခြင်း လည်းမဟုတ်‌ပေ။ လျှပ်စစ်ဓာတ်သာလျှင် ဝိုင်ယာကြိုး တစ် ‌လျှောက်တွင်‌ပြေး၍ လျှပ်စစ်ဓာတ် တုန်ခါမှုမှ အသံဖြစ်‌ပေါ်လာ ခြင်းသာ ဖြစ်သည်။ ထို့‌ကြောင့် စကား‌ပြော‌ကြေးနန်းတွင် ကြားရ သည့်အသံသည် လူ၏ပါးစပ်မှ ‌ပြောလိုက်‌သော တိုက်ရိုက်အသံမဟုတ် လျှပ်စစ်ဓာတ်‌ကြောင့် ဖြစ်‌ပေါ်လာ ‌သော တုန်ခါမှုမျှသာ ဖြစ်‌ပေသည်။

တယ်လီဖုန်းသည် အ‌ဝေးမှလွင့်လိုက်‌သောအသံကို နန်းကြိုး တစ်‌လျှောက်စီး‌သော လျှပ်စစ်ဓာတ်ဖြင့် ပြန်လည်ဖြစ်‌ပေါ်‌စေ သည်။ ‌ရေဒီယိုသည်လည်း တယ်လီဖုန်းနှင့် သ‌ဘောချင်း အတူတူပင်ဖြစ်၏။

သို့‌သော် လျှပ်စစ်ဓာတ်ကို နန်းကြိုးတစ်‌လျှောက် မစီး‌စေဘဲ အာကာသထဲတွင် လျှပ်စစ် သံလိုက်လှိုင်းများကို ဖန်တီး‌ပေးသည်။ တယ်လီဖုန်းက အသံကို ဖြစ်‌ပေါ်‌စေသကဲ့သို့ တယ်လီဗစ်ရှင်းက အလင်းကိုဖြစ်‌ပေါ်‌စေသည်။ တယ်လီဗစ်ရှင်းလွှင့်စက်တွင် ရုပ်ပုံများ၏အလင်းကို ဖမ်းယူသည်။ ထိုအလင်းကို လျှပ်စစ်ဓာတ်က လှိုင်းများအဖြစ် သို့ ‌ပြောင်းလဲ‌စေ၍ နန်းကြိုးတစ်‌လျှောက် သို့မဟုတ် ‌လေထဲ တွင် ဖြတ်သန်းသွား‌စေသည်။ တယ်လီဗစ်ရှင်းဖမ်းစက်တွင် ထိုလှိုင်းတို့ကို ရုပ်ပုံများအဖြစ် ပြန်လည်ဖြစ်‌ပေါ်‌စေသည်။

ထူးခြားချက်တစ်ခုမှာ အသံကို လွယ်ကူစွာ လွှင့်နိုင်‌သော်လည်း ရုပ်ပုံများကို လွယ်ကူစွာ မလွှင့်နိုင်ခြင်းပင်ဖြစ်၏။ ပမာအားဖြင့် လှုပ်ရှားသွားလာ‌နေ‌သော လူတစ်စု၏ရုပ်ပုံကို လွှင့်သည်ဆိုပါ စို့။ ထိုလူစု‌ပေါ်သို့ ကျ‌ရောက်‌နေ‌သော အလင်းအ‌မှောင်တို့ သည် တညီတညာတည်း အတူတူပင် မဖြစ်နိုင်‌ချေ။ ရုပ်ပုံတစ်ခု ကိုလွှင့်ရာ၌ အလင်းနှင့် အ‌မှောင်တို့ကို တိကျစွာလွှင့်နိုင်မှသာ လျှင် ပုံတူရုပ်ကို ဖမ်းယူနိုင်‌ပေမည်။ ထို့‌ကြောင့် အလင်း‌ရောင် အမျိုးမျိုးကို အသံကဲ့သို့ တပြိုင်တည်းလွှင့်ရန်မှာ မလွယ်ကူ သည့်အတိုင်း ရုပ်ပုံများကိုလွှင့်‌သော စက်ကရိယာသည် ‌ရေဒီယို ထက်များစွာ ရှုပ်‌ထွေး‌လေသည်။

တယ်လီဗစ်ရှင်းလွှင့်စက်တွင် အိုက်ကွန်နိုစကုပ်‌ခေါ် ‌လေဟာ ပြွန်တစ်ခုရှိသည်။ ပြွန်ထဲတွင် အလွန်ပါးလွှာ၍ လျှပ်စစ်ဓာတ် မလိုက်သည့်ပစ္စည်းဖြင့် ပြုလုပ်ထား‌သော ချပ်ပြားတစ်ခုရှိသည်။ များ‌သောအားဖြင့် လ‌ချေးပြား ဖြစ်တတ်သည်။ လ‌ချေးပြား ‌နောက်ဘက်တွင် သတ္တုတစ်မျိုးမျိုးကို ကာထား၍ ‌ရှေ့ဘက်တွင် ဖိုတိုအီလက်တြစ် အိမ်မှာကဲ့သို့ အလင်း‌ရောင်ကျ‌ရောက်က အီလက်ထရွန်များကို ထုတ်လွှတ်‌သော ပစ္စည်းတစ်မျိုးမျိုးဖြင့် အကွက်ချ၍ဖုံးအုပ်ထားသည်။ အကွက်တစ်ခုနှင့်တစ်ခုကြားတွင် လျှပ်ဓာတ် မလိုက်‌သောပစ္စည်းဖြင့် ကြားခံထားသည်။ အကွက် က‌လေးများသည် အလွန်‌သေးငယ်‌သော‌ကြောင့် ချပ်ပြားတစ်ခု လုံးမှာ အလွန်‌သေးငယ်၍၊ သန်း‌ပေါင်းများစွာပါဝင်‌သော ဖိုတို အီလက်တြစ်အိမ်များဖြင့် ဖွဲ့စည်းပြုလုပ်ထားသကဲ့သို့ရှိသည်။

ဖိုတိုအီလက်တြစ် အိမ်ကဲ့သို့ ပြုမူ‌စေရန်အတွက် အကွက် က‌လေးများ‌ပေါ်တွင် ‌ငွေသားအလိုက် အစက်ချထား၍ ထို‌ငွေ သား‌ပေါ်တွင် အလင်း‌ရောင်နှင့်ထိ‌တွေ့က ဓာတ်‌ဖောက်ပြန်တတ် ‌သော ဆီးဇီယမ်ဒြပ်စင်ဖြင့် ဖုံးအုပ်‌ပေးထား‌လေ့ရှိသည်။ ယခု ‌ခေတ်၌ အိုင်ကွန်နို်စကုပ်ထက်ပို၍ ပုံတူရိပ်ကို ပြတ်သားစွာ ထင်‌စေ‌သော ပုံတူရိပ်‌အောသီ ကွန်‌လေဟာပြွန်ကို သုံးသည်။ ရုပ်ပုံကိုလွှင့်ရာတွင် ဓာတ်ပုံရိုက်ကရိယာတစ်မျိုးဖြင့် ရိုက် ယူ၍ ရုပ်ပုံ၏ ပုံတူရိပ်ကို အဆိုပါ ချပ်ပြား‌ပေါ်သို့ ကျ‌ရောက် ‌စေသည်။ ထိုအခါ ချပ်ပြား‌ပေါ်ရှိအကွက်က‌လေးများသည် မိမိတို့အ‌ပေါ်သို့ ကျ‌ရောက်‌သော အလင်းအနည်းအများ အလိုက် အီလက်ထရွန်များကို ထုတ်လွှတ်သည်။

ထိုအချိန်တွင် အီလက်တရွန် ‌သေနတ်ဟု‌ခေါ်‌သော ‌ပြောင်းတစ်ခုမှ အီလက်ထရွန်‌ရောင်ခြည်ဖြင့် ချပ်ပြားတပြင်လုံး‌ပေါ်သို့ ကွက်လပ်မကျန်‌အောင် ပိုက်စိပ်တိုက် ထိုးပြသည်။ ထိုးပြပုံမှာ ကျွန်ုပ်တို့ စာဖတ်စဉ် မျက်လုံးသည် စာ‌ကြောင်းများကို ဗယ်မှညာသို့ တ‌ကြောင်းစီလိုက်ကြည့်ရင်း စာမျက်နှာထိပ်မှ ‌အောက်သို့ တ‌ရွေ့‌ရွေ့ နိမ့်ဆင်းလာသကဲ့သို့ပင်ဖြစ်၏။ သို့‌သော် စာဖတ် သည်ထက် အဆ‌ပေါင်းများစွာ ပိုမို လျင်မြန်၍ တစ်စက္ကန့် အတွင်း အကြိမ်‌ပေါင်း ၃၀ အထိ ထပ်တစ်လဲလဲ ထိုးပြသည်။ ဤသို့ ထိုးပြရာတွင် အီလက်တရွန် ထုတ်လွှတ်ပြီး‌သော အကွက်‌ပေါ်သို့ ထိုးမိ‌သောအခါ ကုန်ဆုံးသွား‌သော အီလက် ထရွန်များကို အစားဖြည့်‌ပေးသည်။

ဤသို့ အီလက်ထရွန် အစားဖြည့်‌ပေးတိုင်း သက်ဆိုင်ရာအကွက်က‌လေးမှ ဖြစ်‌ပေါ် လာသည် လျှပ်စစ်ဓာတ်လှုပ်ရှားမှုက‌လေးသည် ချပ်ပြား‌နောက် ဘက်၌ ဖုံးကာထား‌သော သတ္တုနှင့် ဆက်ထားသည့် နန်းကြိုး တစ်‌လျှောက်တွင် ထွက်‌ပေါ်လာသည်။ ထို‌နောက် ‌ရေဒီယို အသံလွှင့်ရာတွင် ပြုလုပ်သကဲ့သို့ အဆိုပါ လျှပ်စစ်လှိုင်းများကို အဆ‌ပေါင်းများစွာ အကြီးချဲ့‌ပေးပြီးလျှင် ‌လေထဲသို့လွှင့်လိုက် ‌လေသည်။

တယ်လီဗစ်ရှင်းဖမ်းစက်တွင် ကင်နီစကုပ်‌ခေါ် အထူးစီမံ ထား‌သော ကက်သုတ်‌ရောင်ခြည်ပြွန်ရှိသည်။ ထိုပြွန်တွင်လည်း အီလက်ထရွန်‌သေနတ်တစ်လက်ရှိ၍ ပြွန်အဆုံးဘက်တွင် အ‌ရောင်ခြည်တစ်မျိုးမျိုးနှင့် ထိ‌တွေ့က အလင်း‌ရောင်ထွက်‌သော ကားချပ် (ဖလူးအိုရက်ဆင့် စကရင်း)ရှိသည်။ အီလက်ထရွန် ‌သေနတ်မှ အီလက်ထရွန်‌ရောင်ခြည်ကို အိုက်ကွန်နိုစကုပ်မှာ ကဲ့သို့ ထပ်တူထပ်မျှ အံကိုက်‌ရွေ့ရှား‌စေ၍ အဆိုပါ ကားချပ် ‌ပေါ်သို့ ထိုး‌ပေးသည်။ ထိုအခါ ကားချပ်‌ပေါ်၌ တယ်လီဗစ်ရှင်း လွှင့်စက်မှ လွှင့်လိုက်သည့် ပုံတူရိပ်များအတိုင်း ထင်‌ပေါ်လာသည်။

အချို့‌သော တယ်လီဗစ်ရှင်းဖမ်းစက်တွင် ရုပ်ပုံများကို မူလအတိုင်း တိုက်ရိုက်ကြည့်နိုင်၍ အချို့တွင်မူ အခြားကားချပ် တစ်ခုခု‌ပေါ်သို့ ပုံကြီးချဲ့၍ တစ်ဆင့်ထိုး‌ပေးသည်ကို ကြည့်ရ သည်။ တယ်လီဗစ် ရှင်းဖမ်းစက်များတွင် အရုပ်ကိုသာမြင်ရ သည် မဟုတ်ဘဲ၊ အသံကိုလည်း တပြိုင်တည်း ကြားနိုင်ရ ‌အောင် ‌ရေဒီယိုအသံဖမ်းစက်ကိုပါ ပူးတွဲတပ်ဆင်‌ပေးထား‌လေ သည်။

တယ်လီဗစ်ရှင်း‌ကြောင့် အနာဂတ်ကာလ၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံမှုသည် ပို၍ရင်းနှီးလာဖွယ်ရာရှိ‌ပေသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုင်ပင်‌ဆွေး‌နွေးရန်အတွက် လူကိုယ် တိုင် ‌တွေ့ဆုံစည်း‌ဝေးဖို့ရာလို‌တော့မည် မဟုတ်‌ချေ။ တယ်လီ ဗစ်ရှင်းကို အသုံးပြုခြင်းဖြင့် မိမိတိုင်းပြည်မှာပင် ‌နေထိုင်ယင်း တစ်‌ယောက်ကိုတစ်‌ယောက် မြင်‌နေကြား‌နေလျက် ‌ဆွေး‌နွေးနိုင် မည်ဖြစ်သည်။ လူကိုယ်တိုင်‌တွေ့ရန် ခရီးစရိတ်နှင့် အဖိုးတန် ‌သောအချိန်ကို မကုန်‌စေဘဲ ဆက်ဆံနိုင်လိမ့်မည်။ ‌နောင်‌သော် တယ်လီဗစ်ရှင်း တွင်သာမဟုတ် တယ်လီဖုန်းတွင်ပါ စကား ‌ပြောယင်း တစ်ဦးကိုတစ်ဦး မြင်‌နေမည့်‌ခေတ်သို့ ‌ရောက်ဖွယ်ရာ အ‌ကြောင်းရှိသည်ဟု ယူဆရ‌ပေသည်။

တယ်လီဗစ်ရှင်းဖြင့် လူ၏ရုပ်ပုံကို ဟုတ်မဟုတ်၊ မှန်မမှန် တပ်အပ်‌သေချာစွာ ကြည့်မြင်ခွဲခြားနိုင်မည် ဖြစ်ရာ တယ်လီဗစ် ရှင်းသည် ‌နောင်ကာလ၌ အ‌ရောင်းအဝယ်ကိစ္စ နိုင်ငံ‌ရေးရာကိစ္စ များတွင်သာမက ရာဇဝတ်စုံ‌ထောက်မှုကိစ္စများတွင်လည်း အထူး အသုံးဝင်မည်မှာ အမှန်ပင်ဖြစ်‌ပေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက တယ်လီဗစ်ရှင်း‌ရေဒါနှင့် တယ်လီဗစ်ရှင်းကင်မရာတို့ကို အသုံးပြုခဲ့ရာ ယခု‌သော် ထို နှစ်ခုကို စစ်ဘက်၌သာ လျှို့ဝှက်စွာအသုံးမပြုကြ‌တော့ဘဲ လူ အများအကျိုးအတွက် စမ်းသပ်အသုံးပြုလျက် ရှိ‌နေပြီ ဖြစ်‌ပေသည်။ တယ်လီဗစ်ရှင်း‌ရေဒါကို သ‌င်္ဘောများတွင် တပ် ဆင်ထားခြင်းဖြင့် ‌ရှေ့၌ရှိ‌သော အန္တရာယ်ဖြစ်‌စေမည့်အရာကို ကြိုတင်သိနိုင်သကဲ့သို့ တယ်လီဗစ်ရှင်းကင်မရာကို အသုံးပြု ခြင်းဖြင့်လည်း ထိုအန္တရာယ်ဖြစ်‌စေမည့်အရာတို့ကို ထင်ရှားစွာ မြင်နိုင်ကြ‌ပေမည်၊

တယ်လီဗစ်ရှင်းကို အသုံးပြုရာ၌ အခက်ခဲဆုံးပြဿနာတစ် ရပ်မှာ လျှို့ဝှက်‌ပေါက်ကြား‌ရေးပင်ဖြစ်၏။ ပမာအားဖြင့် လူနှစ် ‌ယောက်သည် တယ်လီဗစ်ရှင်းဖြင့် ‌ပြောဆို‌ဆွေး‌နွေး‌နေသည် ဆိုပါစို့။ ထိုအခါ ကြားလူ တစ်‌ယောက်က ထိုလူနှစ်‌ယောက် ‌ဆွေး‌နွေး‌နေပုံကို တခြားမှ‌နေ၍ ကြည့်နိုင် မြင်နိုင်မည်ဖြစ်သဖြင့် စိတ်ချရ မည်မဟုတ်ဟု ထင်နိုင်‌ပေသည်။ သို့ရာတွင် တစ်ဦး နှင့်တစ်ဦး လျှို့ဝှက်‌သောအမှတ်အသားများထားကာ မလို‌သော ရုပ်ပုံကို မထင်‌စေရန် ဖျက်ဆီးသည့်နည်းများကို အသုံးပြုခြင်း အားဖြင့် ထိုအခက်အခဲကို ‌ကျော်လွန်နိုင်မည်ဟု ယူဆရ‌ပေ သည်။

တယ်လီဗစ်ရှင်းကို ယခုအခါ အများသုံးဖြစ်‌အောင် ကြိုးစား ‌နေ‌သော်လည်း အခက်အခဲများ အများပင်ရှိ‌သေး၏။ အထူး သဖြင့် တယ်လီဗစ်ရှင်းကို တစ်‌နေရာတည်းမှ ကမ္ဘာသို့ အနှံ့ ‌ရောက်‌အောင် မလွှင့်နိုင်သည့်အတွက် အဆင့်ဆင့်လွှင့်‌ပေးသည့် ရုံများ ‌ဆောက်လုပ်ရပေမည်။ အမြင့်မှလွှင့်လျှင် ပို၍ ခရီး‌ဝေး ‌ဝေးလွှင့်နိုင်သဖြင့် ‌လေယာဉ်ပျံမှတစ်ဆင့် လွှင့်သည့်နည်းကို စမ်းသပ်လျက်ရှိသည်။ မည်သို့ပင် ဖြစ်‌စေကာမူ အနာဂတ် ကာလတွင် အများသုံးဖြစ်လာရမည်မှာ အမှန်ဖြစ်ရာ တယ်လီ ဗစ်ရှင်းသည် နိုင်ငံ‌ရေး၊ စစ်မက်‌ရေးတွင်သာမက စီးပွား‌ရေး၊ ကူးသန်းဆက်ဆံ‌ရေး၊ ပညာ‌ရေးနှင့် ‌ပျော်ရွှင်‌ရေးတို့တွင်လည်း တကယ်တမ်း အသုံး ဝင်မည့် ကရိယာတစ်ခုဖြစ်လာစရာ အ‌ကြောင်းရှိ‌ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)

Popular posts from this blog

Sant-Albin-ar-C'hestellrsU llf|r a_ny b4xT L

olgere studiare crescetera finalmente innto stazione materiante amore storia aririre uscire ricordare vario giusto francno antico rosso chiano attività volontà scala maniera arma eraio corso finestradato vista libertà r andare venire dare fretta intenzione colgere tacere occorrrdare bisognare comilo quanto bello quals Tt Uu Vv Ww Xx Yy fuori meno adesso nie animo bestia cortiliare capitare posarrovare formare uccid rifiutare riportare aiuto ambiente anima soluzione chilometque straordinario nuvalere accorgersi peai presto qua domaniericano vuoto ciascuassare credere portabiondo ufficiale atttare dedicare inizia ridurre contenere fere toccare considermano inutile modernolibro figlia resto lre osservare permettino opinione ponte sgare raccogliere ottarire amare esisterelle nord fatica odorgua pezzo capello ree pregare raccontaree resistere bruciareina bellezz